Breaking News

Questions & Answers

GTHS First Year Entrance

စနစ်သစ်တွင် Grade 10အောင်မြင်ပြီးသူ / စနစ်ဟောင်းတွင် Grade 9 အောင်မြင်ပြီးသူများ တက်၍ရပါသည်။ အသက်အရွယ်ကန့်သတ်ချက်မရှိပါ။
ကန့်သတ်ထားသော လူဦးရေထက် ဝင်ရောက်ချင်သော လူဦးရေက ပိုများလျှင် ဝင်ခွင့်ဖြေဆိုရန် လိုအပ်ပါသည်။ ဝင်ခွင့်ဖြေဆိုရာတွင် Grade 9 တွင် သင်ကြားသော အင်္ဂလိပ်စာ နှင့် သင်္ချာ ဘာသာရပ်များကို လေ့လာထားရန် လိုအပ်ပါသည်။
ဖွင့်လှစ်မည့်သင်တန်းများ
၁။ Building Technology (အဆောက်အဦနည်းပညာသင်တန်း) ၂။ Electronics Technology (အီလက်ထရောနစ်နည်းပညာသင်တန်း) ၃။ Electrical Technology (လျှပ်စစ်နည်းပညာသင်တန်း) ၄။ Auto Mechanics Technology (မော်တော်ယာဉ်နည်းပညာသင်တန်း)
(က) သက်ဆိုင်ရာကျောင်းအုပ်ကြီး၏အဌမတန်းအောင်မြင်ကြောင်း ထောက်ခံစာ မူရင်း (ထောက်ခံစာတွင် မွေးသက္ကရာဇ်ပါရမည်) (ခ) မိဘနှစ်ပါးနှင့် ကျောင်းသား ၏ မှတ်ပုံတင် မိတ္တူ (ဂ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏အကျင့်စာရိတ္တကောင်းမွန်ကောင်း ထောက်ခံစာမူရင်း (ဃ) ရဲစခန်းထောက်ခံစာမူရင်း (င) အိမ်ထောင်စုဇယား မိတ္တူ (စ) လိုင်စင်ဓါတ်ပုံ (၅)ပုံ (ရှပ်အင်္ကျီအဖြူ) - အကျင့်စာရိတ္တကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါကောင်းမွန်သူ ဖြစ်ရမည်။
ကျောင်းတွင်လာရောက် ထုတ်ယူနိုင်ပါသည်။
ပုံမှန်သင်တန်းသားများအတွက် လစဉ် သုံးသောင်းကျပ် ထောက်ပံ့ပါသည်။ ကျောင်းပြီးဆုံးလျှင် အလုပ်အကိုင် ရရှိရေးကိုလည်း ကူညီဆောင်ရွက်ပေးပါသည်။
မှတ်ချက်။ ။ စာမေးပွဲကျလျှင် ထောက်ပံ့ကြေးမရပါ။

Polytechnic Training Entrance

အစိုးရနည်းပညာအထက်တန်းကျောင်း(မြစ်ကြီးနား) တွင် လျှောက်လွှာယူ၍ လျှောက်ထားနိုင်ပါသည်။
ကျောင်း၏ facebook စာမျက်နှာနှင့် website များတွင် ကြေငြာထားပါမည်။
(၁) အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်း (၂) အခြေခံကွန်ပျူတာသင်တန်း (၃) အခြေခံ ဒီဇယ် အင်ဂျင် ပြုပြင်ခြင်းသင်တန်း (၄)မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းသင်တန်း (၅)ဂဟေဆက်သင်တန်း (၆) ပန်းရံ အုတ်စီ သင်တန်း တို့ကို ဖွင့်လှစ် သင်ကြားလျှက်ရှိပါသည်။ သင်တန်းသားများ၏ လိုအပ်ချက်ပေါ် မူတည်၍ သင်တန်းများအား အခါအားလျော်စွာ ပြောင်းလဲဖွင့်လှစ်ပါသည်။ မိမိနှစ်သက်ရာ သင်တန်းများသို့ ဝင်ရောက် လျှောက်ထားနိုင်ပါသည်။ မည်သည့်သင်တန်း ဖွင့်လှစ်မည်ကို ကျောင်း၏ facebook စာမျက်နှာနှင့် website များတွင် ကြိုတင်၍ ကြေငြာပါမည်။